MNP ၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့ရှိ စော်ဘွားကြီး ခွန်ဆန်တုန်ဟုန်း၏ ဟော်နန်းတော်(သိန်းနီဟော်နန်း) ပြန်လည်တည်ဆောက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် အရှေ့မြောက် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ လားရှိုးမြို့နှင့် သိန်းနီမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဟော်နန်းပြန်လည် တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေးကော်မတီ အဖွဲ့ဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် လုပ်ငန်းခွင်သို့ရောက်ရှိရာ ဟော်နန်း ပြန်လည်တည်ဆောက်မှု ပူးပေါင်းဆောင်ရွက်ရေး ကော်မတီမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်မြို့မိ၊ မြို့ဖတို့က အကြံပြု ဆွေးနွေးတင်ပြကြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် သိန်းနီဟော်နန်းပြည်လည်တည် ဆောက်နေမှုအခြေ အနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment