နည်းပညာတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားပြုလုပ်

 



MNP - နိုဝင်ဘာ  ၂၅


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ် (မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က နည်းပညာတက္ကသိုလ်(မကွေး)၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ နည်းပညာတက္ကသိုလ်(မကွေး) ပါမောက္ခချုပ် ဒေါက်တာတင့်ဆန်းက ဘွဲ့နှင်းသဘင်ခန်းမတွင် မောင်မယ်သစ်လွင် ကျောင်းသား/သူများကို အမှာစကားပြောကြားရာ နည်းပညာတက္ကသိုလ်(မကွေး)တွင် ဘာသာရပ် (၄)မျိုး သင်ကြားပို့ချပေးသွားမှာဖြစ်ပါကြောင်း၊ ကျောင်းသား/သူများနေထိုင်ဖို့အတွက်လည်း ကျောင်းတွင်းဆောင်တွေ စီစဉ်ဆောင်ရွက်ထားကြောင်း၊ တက္ကသိုလ်ရဲ့ဆောင်ပုဒ်ဖြစ်တဲ့ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ၊ သမာဓိ ဆိုတဲ့အတိုင်း စိတ်ဓာတ် စိတ်ထားကောင်းမွန်ကြံ့ခိုင်သော၊ စည်းကမ်းလိုက်နာစောင့်ထိန်းတတ်သော၊ စာပေဗဟုသုတ ပညာရည် ထူးချွန်ထက်မြက်သော တည်ကြည်ဖြောင့်မတ်မှန်ကန်သော နိုင်ငံသားကောင်းသမီးရတနာများ ပြုစုပျိုးထောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား/သူများကလည်း ကျောင်းခေါ်ချိန်ပြည့်အောင် တက်ရောက်ဖို့ လိုအပ်ကြောင်း၊ ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ‌မောင်မယ်သစ်လွင် ကျောင်းသား/သူများအား အထူးပြုမေဂျာအလိုက် လက်တွေ့ခန်းများတွင် သင်ခန်းစာများ လက်တွေ့သင်ကြားနေမှုများအား မေဂျာအလိုက် ဆရာ/ဆရာမ များက ပြသခဲ့ကြောင်း သိရသည်။


သတင်း - ကိုအောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)