ငပုတောမြို့နယ်၌ နေကြာသီးနှံ မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါး စံပြကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတော်မတီဥက္ကဋ္ဌ ကြည့်ရှု့အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငပုတောမြို့နယ်၌ နေကြာသီးနှံ မျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် မိုးစပါး စံပြကွက်ရိတ်သိမ်းခြင်း ဆောင်ရွက်နေမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးတော်မတီဥက္ကဋ္ဌ ကြည့်ရှု့အားပေး

 



MNP - နိုဝင်ဘာ ၂၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်  စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် (၉)နာရီအချိန်က သက်ဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် လိပ်ချောင်းကျေးရွာအုပ်စု၊ ပုသိမ်-ငပုတော ကားလမ်းဘေးတွင် ကွင်းအမှတ်(၁၃၈၃)၊ ဦးပိုင်အမှတ် (၁၁/၂ ) တောင်သူ ဦးအောင်သူ၏ နေကြာသီးသန့်စိုက်ဧက (၅.၀၀) ဧက အတွင်း၌၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီ ဆီထွက်သီးနှံ နေကြာမျိုးစေ့ချ သရုပ်ပြပွဲ အခမ်းအနားသို့ သွားရောက်၍ ကွင်းဆင်းကြည့်ရှု့ အားပေးခဲ့ကြသည်။


ဦးစွာ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများသည် ဆောင်းရာသီ ဆီထွက်သီးနှံမျိုးစေ့အား ဝန်ထမ်းများက နေကြာမျိုးစေ့များအား စက်အသုံးပြု မျိုးစေ့ချ(သရုပ်ပြ) စိုက်ပျိုးခဲ့ပြီးနောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန  စနစ်တကျ စိုက်ပျိုးနေမှုအား ကြည့်ရှု့အားပေးခဲ့ကြသည်။


ဆက်လက်ပြီးပုသိမ်ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌနှင့်သက်ဆိုင်ရာတာဝန်ရှိသူများသည် ကွင်းအမှတ် (၄၄၀)၊ ဦးပိုင်အမှတ် (၁၁/၁) တောင်သူဒေါ်ဌေးဌေး၏ လယ်မြေတွင် မိုးစပါးစံပြကွက် (၁.၀၀)ဧက ရိတ်သိမ်းခြင်းအား ကြည့်ရှု့အားပေးခဲ့ရာ  အစိုတင်း (၉၉.၅၈)တင်း ၊ အခြောက်တင်း (၉၃.၃)တင်းထွက်ရှိကြောင်းသိရသည်။


အဆိုပါ အခမ်းအနားသို့ ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးလင်းကိုကို၊  အဖွဲ့ဝင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးဝင်းစိုး၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဦးနေဝင်း၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ အတွင်းရေးမှုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းမျိုးသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေစီမံစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ စုစုပေါင်း (၇၆)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - အောင်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)