မြောက်ဦးမြို့တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ ဘီးလှိမ့်ခွန်များ ကောက်ခံလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့တွင် ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေအရ ဘီးလှိမ့်ခွန်များ ကောက်ခံလျက်ရှိ

 



MNP - နိုဝင်ဘာ  ၂၁


ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် စည်ပင်သာယာရေး ဥပဒေအရ ဘီးလှိမ့်ခွန်များ ကောက်ခံခြင်းကို နိုဝင်ဘာလ ၁၂ ရက်နေ့မှ စတင်၍ မြောက်ဦးမြို့စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများက ကောက်ခံလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဘီးလှိမ့်ခွန်များကောက်ခံရာသို့ မြောက်ဦးမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဒုဦးစီးမှူး ဦးသိန်းထွန်းအောင်နှင့် ဒုတိယဦးစီးမှူး ဦးမောင်မောင်တို့ ရုံးအဖွဲ့ဝန်ထမ်းများနှင့်အတူ ကောက်ခံစည်းကြပ်လိုက်လျက်ရှိသည်။


ထိုသို့ ကောက်ခံရာ၌ ၃ တန်နှင့်အထက် ကားကြီးများ ၊  ၂ တန်နှင့် အထက်ကားကြီးများ ၊ ၁ တန် နှင့်အထက်ကားများ ၊ ထော်လာဂျီနှင့် ဆိုင်ကယ်နောက်တွဲများ၊ ဆိုင်ကယ်ဘေးတွဲနှင့် မော်တော်ဆိုင်ကယ်များ စသော မော်တော်ယာဉ်များကို သတ်မှတ်ဈေးနှုန်းထားများ ထားရှိ၍ ကောက်ခံလျက်ရှိပြီး ယင်းဘီးလှိမ့်ခွန်များ ကောက်ခံဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်၍ မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် အသိပေးကြေငြာထားရှိပြီး ဖြစ်ပါသည်။ အများပြည်သူများ အသုံးပြုလျက်ရှိသော ယာဉ်များမှာ ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စတင်၍ ၂၀၂၃ ခုနှစ် မတ်လ (၃၁) ရက်နေ့အထိ ဘီးလှိမ့်ခွန်ကောက်ခံရန် သတ်မှတ်ကာလအတွင်း စည်းကြပ်ကောက်ခံဆောင်ရွက်လျက်ရှိပြီး ထိုဘီးလှိမ့်ခွန်ကောက်ခံခြင်းကို ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဥပဒေ အခန်း(၇) ၊ ဥပဒေပုဒ်မ(၁၆)၊ ပုဒ်မခွဲ (ဃ) အရ ကောက်ခံစည်းကြပ်ခြင်းဖြစ်ကြောင်း သိရသည်။


သတင်း - မြင့်စိုး၊စိုးငြိမ်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)