မာန်အောင်မြို့ မဟာထီးဘုရားဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့ မဟာထီးဘုရားဝင်းအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးများဆောင်ရွက်





MNP ၊  နိုဝင်ဘာ၂၆

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး ဌာနဆိုင်ရာဝန်ထမ်းများ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်၈နာရီက မာန်အောင်မြို့ မြို့မရပ်ကွက်ရှိမဟာထီးဘုရားဝင်းအတွင်း/ စုပေါင်းသန့်ရှင်းရေး ကောင်းမှုကုသိုလ်များပြုလုပ်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်‌ရှင်းရေးကောင်းမှုကုသိုလ်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာနှင့် ဝန်ထမ်းများ၊တပ်မတော်သားများမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မာန်အောင်မြို့ မဟာထီးဘုရားဝင်းအတွင်း/အပြင်ရှိ ချုံနွယ် ပိတ်ပေါင်း၊မြက်ပင်များ၊အမှိုက်များကို ခုတ်ထွင်ရှင်းလင်း သန့်ရှင်းရေးများ ဆောင်ရွက်ကြပြီး အမှိုက်များကိုမြို့နယ် စည်ပင်သာယာရေးပိုင် အမှိုက်ကားဖြင့်  စနစ်တကျစွန့်ပစ်ခဲ့ကာ ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ကြသည်။

မာန်အောင်မြို့နယ်တွင် မြို့အင်္ဂါရပ်နှင့်အညီပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးအတွက် ဌာနဆိုင်ရာဝန်ထမ်းများက  အပတ်စဉ် စနေနေ့တိုင်း စုပေါင်း သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)