ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ အဌမအကြိမ်မြောက် အာစရိယပူဇော် ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ အဌမအကြိမ်မြောက် အာစရိယပူဇော် ပွဲ ကျင်းပနိုင်ရေး အကြိုညှိနှိုင်း ဆွေးနွေး

 


MNP - နိုဝင်ဘာ  ၁၆


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ကျင်းပပြု လုပ်မည့် အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲအတွက် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ အခြေခံ ပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ဆွေးနွေးပွဲတွင် အာစရိယပူဇော်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချိုက အဌမအကြိမ်မြောက် ကျင်းပမည့် အာစရိယပူဇော်ပွဲကို အခမ်းအနားဖြင့် ကျင်းပပြုလုပ်သွားမည်မဟုတ်ပဲ အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ၏ နေအိမ်များသို့ အိမ်တိုင်ရာရောက် လိုက်လံပူဇော်ကန်တော့သွားမည်ဖြစ်၍  ကျောင်းသား၊ ကျောင်းသူဟောင်းများအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။


ထို့နောက်  တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူဟောင်းများက အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲ အောင်မြင်စွာ ကျင်းပသွားနိုင်ရန်နှင့် အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများကို တစ်ဦးချင်းစီအလိုက် အိမ်တိုင်ရာရောက် ပူဇော်ကန်တော့နိုင်ရန် အုပ်စုအဖွဲ့များခွဲ၍ လုပ်ငန်းတာဝန်ခွဲဝေပေးရန် ကိစ္စရပ်များကို အကြံပြုဆွေးနွေး တင်ပြကြရာ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အကြံပြုဆွေးနွေးချက်များအပေါ် လိုအပ်သည်များ ကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့သည်။


ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူဟောင်းများအဖွဲ့ စုပေါင်း၍ ပွင့်ဖြူမြို့(အ.ထ.က)ကျောင်းတွင် ပညာသင်ကြားပေးခဲ့သော ဆရာကြီး၊ ဆရာမကြီးများကို လေးစားဂုဏ်ပြုသောအားဖြင့် နှစ်စဉ်  နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အာစရိယ ပူဇော်ပွဲကို အစဉ်အလာမပျက် ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရကာ ယခုနှစ်တွင် ကျင်းပမည့် အဌမအကြိမ်မြောက် အာစရိယပူဇော်ပွဲကို အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခြင်းမပြုပဲ အပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများထံ နိုဝင်ဘာ(၂၆၊ ၂၇)ရက်နေ့တို့တွင် အိမ်တိုင်ရာရောက် လိုက်လံကန်တော့သွားမည်ဖြစ်ကြောင်း အဆိုပါ အာစရိယပူဇော်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ချိုထံမှ သိရသည်။  


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)