မောက်မယ် အ.ထ.က၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ် အ.ထ.က၌ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

 


MNP - နိုဝင်ဘာ   ၁၆


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသားကျောင်းသူများ၊ အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ အခြေခံပညာ အထက်တန်းကျောင်း (မောက်မယ်)၌ ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာ ဘာသာစွမ်းရည်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အမှတ်ပေးစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး မောက်မယ်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်း(ထက်ဆင့်)နှင့် အလယ်တန်းဆင့် ကျောင်းသား/ ကျောင်းသူများ မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲဝင်သူ (၅၂)ဦး၊ သင်္ချာစွမ်းရည်ပြိုင်ပွဲဝင်သူ (၆၀)ဦး စုစုပေါင်း(၁၁၂)ဦး  ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် Grade-1 မှ Grade-9 အထိ အတန်းလိုက် တစ်တန်းလျှင် ကျား၊ မ တစ်ဦးစီရွှေးချယ်၍ ရှမ်းပြည်နယ်အဆင့် တောင်ကြီးသို့ ဆက်လက်ပြီး သွားရောက်ယှဉ်ပြိုင် ရမည်ဖြစ် ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ၍ သိရသည်။


သတင်း - စိုင်းမျိုးသန့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)