ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေး



MNP - နိုဝင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်း ဆောင်းသီးနှံနေကြာ လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


တွေ့ဆုံဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဦးမျိုးထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်‌နေမှု အခြေအနေများ၊ လျာထားစိုက်ဧကနှင့် သွင်းအားစုရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က ဆောင်းသီးနှံနေကြာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် နေကြာစိုက်ပျိုးမည့် တောင်သူများအား အသိပညာပေးဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေး၍ တက်ရောက်လာကြသော ကျေးရွာအုပ်စုလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့များမှ မိမိတို့ကျေးရွာအတွင်းရှိ နေကြာစိုက်ပျိုးမှုနှင့် ပတ်သက်၍ အားသာချက်၊ အားနည်းချက်တို့ကိုဆွေးနွေးခဲ့သည်။


ထို့နောက် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲဝင်များက မြို့နယ်အတွင်းရှိ ဆောင်းသီးနေကြာ စိုက်ပျိုးထားရှိမှုများကို ကွင်းဆင်းကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။


သတင်း - ထက်ဝေဖြိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)