ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ ဓာတ်အားသုံးစွဲမှုပြည့်ဝစေရေးနှင့် ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်

 


MNP - နိုဝင်ဘာ  ၃၀


မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ပြည်သူများ လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး၊ ဓာတ်အားပြည့်ဝစွာသုံးစွဲနိုင်ရေး၊ ဓာတ်အားပျောက်ဆုံးမှု လျော့နည်းကျဆင်းစေရေး ယနေ့နံနက်(၉)နာရီက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဝန်ထမ်းများက လျှပ်စစ်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသောသစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့၊ ကြက်မင်းတွန် ဓာတ်အားခွဲရုံမှ ၃၃/၁၁ကေဗွီ (၁၀+၁၀)အမ်ဗွီအေ  ပို့လွှတ်ထားသော (၁၁)ကေဗွီလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်၊သစ်ကိုင်းများအား လျှပ်စစ်ဝန်ထမ်း(၁၆)ဦးမှ ဌာနပိုင်မော်တော်ယာဉ်ဖြင့် စနစ်တကျ ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း သိရသည်။


အဆိုပါ သစ်ပင်၊သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းကြောင့် (၁၁)ကေဗွီဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အား ပို့လွှတ်လျက်ရှိသော မြို့ပေါ်(၁၁)ရပ်ကွက်နှင့် ကျေးရွာပေါင်း(၉၅)ရွာမှ လျှပ်စစ်ဓာတ်အား အသုံးပြုလျက်ရှိသောပြည်သူများ၏ အသေးစားလုပ်ငန်းများနှင့် အိမ်သုံးလုပ်ငန်းများ လျှပ်စစ်ဓာတ်အား သုံးစွဲရာတွင် ဓာတ်အားလျော့နည်းမှု မရှိစေဘဲ ဓာတ်အားပြည့်ဝစွာ သုံးစွဲနိုင်မည်ဖြစ်ကြောင်း မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)