ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၀၄ ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ကျင်းပ



MNP - နိုဝင်ဘာ  ၂၀


ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ၁၀၄ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စာထောက်စာမဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စအကျိုးဆောင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ တက်ရောက် ကြည်ညိုကြသည်။


နံနက်၁၀နာရီခွဲအချိန်တွင် အခမ်းအနားသို့ ကြွရောက်လာသည့် ဩဝါဒါစရိယဆရာတော်ကြီးများနှင့် စာဖြေသံဃာတော်များအား ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ထီးတော်ရုံတန်ဆောင်း၌ နေ့ဆွမ်းဆက်ကပ်လှူဒါန်းသည်။


ဆက်လက်၍ ဖွင့်ပွဲအခမ်းအနားကို နေ့လယ်၁၂နာရီအချိန်တွင် ရင်ပြင်တော် ရာဟုထောင့် ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ ပဝရာဘိဝံသထံမှ ဧည့်ပရိသတ်အပေါင်းတို့က ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ယင်းနောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလှည့်ကျ


သဘာပတိဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက စာလျှောက်မေးပွဲကျင်းပခြင်းနှင့် ပတ်သက်၍ အဖွင့်မင်္ဂလာစကား ဖတ်ကြားလျှောက်ထားပြီး စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယ၊ တိပိဋကရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရဒါဘိဝံသ (လှရတနာဆရာတော်)ထံမှ စာလျှောက်မေးပွဲ ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ဩဝါဒါခံယူသည်။


ဆက်လက်၍ စေတိယင်္ဂဏစာလျှောက်မေးပွဲတွင် စာထောက်စာမ ဆောင်ရွက်ကြမည့် ဆရာတော်များအား အာဂုံကြီးကြပ်ပလ္လင်သို့ ပင့်ဆောင်ပြီးနောက် သီးခြားစာသင်တန်းဖြေဆိုမည့် သံဃာတော်များက အလှည့်ကျ အာဂုံပြန်ဆိုတော်မူခဲ့ကြသည်။


၁၀၄ ကြိမ်‌မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ ပရိယတ္တိစာလျှောက်မေးပွဲကို ၁၉-၁၁-၂၀၂၂ ရက်နေ့မှ ၂၅-၁၁-၂၀၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး သီးခြားစာချတန်း ၃၀ ပါး၊ သီးခြားစာသင်တန်း ၁၈၉ ပါး၊ စုစုပေါင်း ၂၁၉ ပါးတို့ ‌ဝင်ရောက်ဖြေဆိုတော်မူကြမည် ဖြစ်ကြောင်း သိရသည်။


သတင်း - အောင်မြင့်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)