ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူး တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူး တံတားအား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး


MNP ၊ နိုဝင်ဘာ ၂၀

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ သရက်ချောင်း ချောင်းကူးတံတားအား ယနေ့နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရှိရ သည်။


အဆိုပါ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တုံး တံတားကျေးရွာ၏ မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာ၊ ရွှေကျင်- ကျောက်ကြီးသွား ကားလမ်းပေါ်ရှိ အရှည် ၅၀ ပေ၊ အကျယ် ၃၀ ပေ သံကူကွန်ကရစ် အမျိုးအစား သရက်ချောင်း ချောင်းကူးတံတားအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းခွဲ ဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတား ကြမ်းခင်းအလျား ၁၂ ပေ၊ အကျယ် ၂၅ ပေခန့် ပြိုကျပျက်စီးခဲ့သည်ကို  တွေ့ရှိရသည်။


အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှု ခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်ကြောင်း၊ အဆိုပါ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိကြောင်းနှင့် တံတား ပျက်စီးမှုအား သက်ဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)