ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အ‌ရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း (၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အ‌ရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားသို့ တက်ရောက်

 



MNP - နိုဝင်ဘာ   ၂၀


“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက် ဆောင်ရွက်စို့” ‌(Inclusion For Every  Child) ဆောင်ပုဒ်ဖြင့် (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် “ကမ္ဘာ့ကလေးများနေ့” အခမ်းအနားအား ယမန်နေ့နံနက် ၉နာရီခွဲက မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း တက်ရောက် အမှာစကား ပြောကြားသည်။


ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ‘မြန်မာနိုင်ငံအတွင်းရှိ ကလေးသူငယ်များအား နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန်၊ ကလေးသူငယ်အခွင့်အရေး အပြည့်အဝ ရရှိခံစားနိုင်‌ရန် ရည်ရွယ်၍ ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ကလေးသူငယ်များအတွက် အခွင့်အရေးများ ဖြစ်သည့် ‘အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောင်ပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်’ အစရှိသည့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပါအတိုင်း အပြည့်အဝရရှိစေရန်အတွက် ကာကွယ်စောင့်ရှောက်ရန်မှာ ပြည်သူတစ်ရပ်လုံး၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုများ၊ စီးပွားရေးဆိုင်ရာ ခေါင်းပုံဖြတ်မှုများ လျော့နည်းပပျောက်စေရေးအတွက် အစိုးရအဖွဲ့အစည်း၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး‌က ပါဝင်ဆောင်ရွက်သွားကြရေး တိုက်တွန်းအမှာစကား ပြောကြားသည်။


ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန အမှတ်(၁) မူလတန်းကြိုကျောင်းမှ ကလေးငယ်များက “စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်တို့အား “ကမ္ဘာ့ကလေးများနေ့” အထိမ်းအမှတ် အမှတ်တရလက်ဆောင်ပစ္စည်းများကို ပေးအပ်သည်။


ယင်းနောက် ပညာပျိုးခင်း ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “မမ ဝဝ ထထ က” သီချင်းဖြင့်လည်းကောင်း၊ Bright Kids ပုဂ္ဂလိက မူလတန်းကြိုကျောင်းမှ ကလေးငယ်များက “Bombastic” သီချင်းဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အမှတ်(၂) မူလတန်းကြိုကျောင်းမှ ကလေးငယ်များက “အပျိုဖြန်းလေး”၊ “မနောမြေမှတေးသံသာ” တေးသီချင်းဖြင့်လည်းကောင်း၊ Future Star ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “Kachin Dance” သီချင်းဖြင့် လည်းကောင်း၊ Green Hills ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “Jinghpaw” သီချင်းဖြင့်လည်းကောင်း၊ ချိန်ကွမ်း ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “Hao Bao Bao” သီချင်းဖြင့်လည်းကောင်း၊ ရွှေမြန်မာ ပုဂ္ဂလိကမူလတန်းကြိုကျောင်းမှ ကလေးငယ်များက “တောင်ယာဝင်ချိန်” တေးသီချင်း ဖြင့်လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန ငွေပျော်စံပြ မူလတန်း ကြိုကျောင်းမှ ကလေးငယ်များက “မမေ့နိုင်တဲ့မြေ” တေးသီချင်းနှင့် လူမှုဝန်ထမ်းဦးစီးဌာန အမှတ် (၁) မူလတန်းကြိုကျောင်းမှ ကလေးငယ်များက “Grai Jaw Ai Mungdan”(ကချင်ရိုးရာတေးသီချင်း) ဖြင့်လည်းကောင်း အသီးသီးကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။


ဆက်လက်၍ ပါဝင်ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသော မူလတန်းကြိုကျောင်း အသီးသီးမှ သားငယ်၊ သမီးငယ်လေးများအား ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ် ၊ လူမှုဝန်ထမ်း ဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တက်ရောက်လာသော ပြည်နယ်အဆင့်ဌာနဆိုင်ရာများက “ကမ္ဘာ့ကလေးများနေ့” အခမ်းအနား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်‌ရေး ပါဝင်ဆောင်ရွက်ခဲ့ကြသော ပြည်နယ်အတွင်းရှိ မူလတန်း ကြိုကျောင်း အသီးသီးမှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင် ပစ္စည်းများ‌ပေးအပ်ကာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးငယ်များနှင့်အတူ စုပေါင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)