ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကျင်းပ

 


MNP - နိုဝင်ဘာ   ၁၉


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကြီးမှူးကျင်းပသော စာဆိုတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်းစကားပြော ပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြန်/ဆက်ရုံး Community Centre ခန်းမတွင် ကျင်းပခဲ့သည်။


၁၃၈၂ ခုနှစ် နတ်တော်လဆန်း(၁) ရက်နေ့တွင် ကျရောက်မည့် စာဆိုတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အဆိုပါပြိုင်ပွဲများကို ကျင်းပရခြင်းဖြစ်ပြီး အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် လမြတ်နတ်တော်စာဆိုတော် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် စာဆိုတော်နေ့ တို့မမေ့ ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ ၂၀ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ကျပန်းစကားပြောပြိုင်ပွဲတွင် အနောက်နန်းမတော်မမြလေး၊ မြဝတီမင်းကြီး ဦးစ၊ ရှင်မသီလဝံသ၊ ရတုဘုရင် နတ်ရှင်နောင်၊ လှိုင်ထိပ်ခေါင်တင်၊ ရှင်မဟာရဋ္ဌသာရ စသော အကြောင်းအရာများကို မိမိတို့မဲကျရာ ခေါင်းစဉ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။


အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဟင်္သာတမြို့နယ် စာရေးဆရာအသင်းမှ ကြီးမှုးကျင်းပမည့် ၁၃၈၂ ခုနှစ် နတ်တော်လဆန်း(၁) ရက်နေ့ တွင် ကျရောက်မည့် စာဆိုတော်နေ့ အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဆုများကို ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း မြို့နယ်စာရေးဆရာ အသင်းမှ ဦးမြင့်သိန်း (ဘုန်းမင်းရာဇာ) ထံမှ သိရသည်။


သတင်း - ကိုဇော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)