ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရသေ့တောင်မြို့တွင် ဒုတိယအကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲကျင်းပ

 



MNP - နိုဝင်ဘာ  ၇


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများနှင့်စစ်ရှောင်စခန်းမှ မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းမိသားစုဝင်များ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍အစဉ်အလာမပျက် ဆွမ်းတော်ကြီးလောင်းလှူပွဲကို ရသေ့တောင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်တော်မူသော ရဟန်း၊ စာသင်သားကိုရင်များ၊ မယ်သီလရှင်များအား မြို့လုံးကျွတ်ဆွမ်းတော်ကြီးလောင်းပွဲကို ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပခဲ့သည်။


တို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းထက်နှင့် ဆွမ်းတော်ကြီးလောင်းလှူပွဲ ဖြစ်မြောက်ရေးကော်မတီဝင်များ အသင်းအဖွဲ့များ၊ မြို့ပေါ် ၄ ရပ်ကွက်မှ စေတနာရှင်အလှူရှင်များ၊ ဌာနဆိုင်ရာမိသားစုများ လူငယ်အသင်းအဖွဲ့များမှ စုပေါင်းပြီး ရသေ့တောင်မြို့မ အားကစားကွင်းအတွင်းတွင် မြိုလုံးကျွတ်ဆွမ်းတော်ကြီးလောင်းလှူပွဲ ပြုလုပ်ခဲ့ရာရဟန်း၊ စာသင်သားကိုရင်များ၊ မယ်သီလရှင်များအပါး (၁၂၀)ခန့်အား ဆွမ်းဆန်များ၊ ခေါက်ဆွဲ၊ ကော်ဖီမစ်၊ ပေါင်မုန့်၊ မုန့်ခြောက်၊ အချိုရည်ဘူး၊ ဆပ်ပြာခဲ၊ ဆပ်ပြာမှုန့်ထုတ်၊ သွားတိုက်ဆေး၊ ဖယောင်းတိုင်၊ တိုင်းရင်းဆေးများ အစရှိသည့် လှူဖွယ်ပစ္စည်းများ အမျိုးစုံလင်စွာဖြင့် ပျော်ရွှင်စွာလောင်းလှူခဲ့ကြပြီး၊ လာရောက်လှူဒါန်းကြသော အလှူရှင်များနှင့် အထူးစည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


သတင်း - ထွန်းလင်းကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)