မန္တလေးမြို့ သားငါးတန်းနှင့် ကုန်စိမ်းမျိုးစုံ‌ ရောင်းချနေသူများ ယခင်ကထက် ရောင်းအား ပိုမိုကောင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မန္တလေးမြို့ သားငါးတန်းနှင့် ကုန်စိမ်းမျိုးစုံ‌ ရောင်းချနေသူများ ယခင်ကထက် ရောင်းအား ပိုမိုကောင်း



MNP - နိုဝင်ဘာ   ၇


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် သားငါးတန်းနှင့် ကုန်စိမ်းမျိုးစုံ ရောင်းချနေသူများ ယခင်ရက်တွေထက် ပိုမိုရောင်းအားကောင်းကြောင်း ဈေးသည်တစ်ဦးထံမှ သိရသည်။


"ကျွန်မတို့က ကုန်စိမ်းရောင်းချတာ ကြာပါပြီ အရင်လနဲ့ဒီလက အခါကြီရက်ကြီးတွေလေ၊ အခုဆို တန်ဆောင်မုန်းလပြည်နေ့ဆိုတော့ လမ်းမတွေပေါ်လည်း လူတွေကတိုးနေရတာ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူ‌တွေ၊ ရုံးပိတ်ရက် မိမိအိမ်သို့ ပြန်ကြတဲ့သူတွေနဲ့ ကျွန်မတို့ ဈေးထဲလည်း မိုးလင်းကတည်းက တိုး‌ခွေ့ဈေးဝယ်‌နေကြတာပဲ အခါကြီး ရက်ကြီးတွေမှာ ပိုမိုလူစည်ကား‌တော့ ပို‌ရောင်းရပါတယ်၊ ပုံမှန်ရက် တွေထက်ပိုတော ရောင်းအားကောင်းပါတယ်၊  အမြတ်ကတော့ ဒီလမှာ ဘုရားဖူးဧည့်သည်‌တွေ ကိုယ့်ဆွေမျိုးသားချင်းတွေဆီ ညအိပ်၊ ညနေ အလည်ပတ်ရောက်ကြတော့ ဈေးဝယ်သူပိုများတယ် ထင်ပါတယ်၊ ဈေးနှုန်းတွေကလည်း ပုံမှန်ဈေးနှုန်ပဲလေ၊ ပိုတင်ရောင်းချတာ မရှိပါဘူး။ ဈေးဝယ်သူပေါတော့ ပိုအမြတ်ရပါတယ်၊ ကျွန်မတို့ ဈေးတန်းဆိုဆိုင်ခန်းပေါင်း ဆယ်ချီရှိတာလေ၊ ဝယ်သူတွေကလည်း ကြုံသလိုဝယ်ကြတယ်လေ ဆိုင်တိုင်းရောင်းအားကောင်းကြပါတယ်၊ ကုန်စိမ်းတွေရော သားငါးတန်းတွေရော တိုး‌ခွေ့ဝယ်နေကြတာပဲ၊ ဒီရက်တွေက စတုတီသာ ကျွေးကြတဲ့သူတွေ ပေါများတော့ ပိုရောင်းကောင်းတာလည် ပါမယ်ထင်ပါတယ်"ဟု ဈေးရောင်းသူ ဒေါ်‌အေးသွယ်က ပြောပြ၍ သိရသည်။


သတင်း - အောင်ဇော်မင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)