အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံဖူဆယ် ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံဖူဆယ် ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ





MNP - နိုဝင်ဘာ   ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့ နံနက် ၈ နာရီမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ကျောင်းပေါင်းစုံဖူဆယ်ပြိုင်ပွဲကို အသင်း (၆)သင်းဖြင့် Happy ဖူဆယ်ကွင်းတွင်လည်းကောင်း၊ ပိုက်ကျော်ခြင်းပြိုင်ပွဲကို အသင်း (၆)သင်းဖြင့် ရွှေလင်းယုန်အားကစားကွင်းရှိ အားကစားရုံ၌ မြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ ပါဝင်ယှဉ်ပြိုင်ကြပြီး အကြိုဗိုလ်လုပွဲအထိ ယှဉ်ပြိုင်ကစားပြီးပြီးဖြစ်ရာ နိုဝင်ဘာလ (၁၇)ရက် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ဗိုလုပွဲကျင်းပပြီး ဆုရရှိသည့် အသင်းများကို တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးသွားမည်ဖြစ်သည်။


နိုဝင်ဘာလ (၁၆)ရက်နေ့တွင်လည်း (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် အ.ထ.က-၂ ကျောင်းတွင် ထုပ်စည်းထိုးပြိုင်ပွဲကို ကျင်းပသွာမည်ဖြစ်ကြောင်းနှင့် အိမ်မဲမြို့နယ်အနေဖြင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခြေခံပညာအဆင့် (ထက်၊ လယ်၊ မူ) စာစီစာကုံး၊ ကဗျာ၊ ကာတွန်း၊ ဖူဆယ်၊ ပိုက်ကျော်ခြင်း၊ ထုပ်ဆီးထိုးပြိုင်ပွဲများကို ကျင်းပမည်ဖြစ်ရာ ဆုရရှိသူများကို နိုဝင်ဘာလ (၁၇)ရက်နေ့တွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အမျိုးသားအောင်ပွဲနေ့ ကြီးကြပ်ရေးကော်မတီအဖွဲ့ထံမှ သိရသည်။


သတင်း - ချစ်သက်လယ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)