MNP ၊ နိုဝင်ဘာ ၂၆
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့အင်္ဂါရပ် နှင့်အညီ စိမ်းလန်းစိုပြေ သန့်ရှင်းသာယာလှပမှု ရှိစေရေး အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆောင်ကာ ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေး အဖွဲ့ ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင် ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူများက စုရပ် နှစ်ခု ခွဲ၍ ယနေ့ နံနက် ၇ နာရီ အချိန်က စုပေါင်း သန့် ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦးမှ ကြီးကြပ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်၍ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဦးခင်မောင် ၊ ခရိုင်/မြို့နယ် အဆင့် ဌာန ဆိုင် ရာ များ ၊ မီးသတ် တပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ပြည်သူ များ စုစုပေါင်း အင် အား ၁၀၀ ခန့်က အဖွဲ့ နှစ်ဖွဲ့ခွဲကာ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း သန့်ရှင်း သာယာလှပစေရေး နှင့် ကျောင်း သား/သူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းခြံဝင်း အတွင်း ရှိ မြက်ပင် ၊ ပေါင်ပင်၊ ၊ ချုံနွယ် များ အား ခုတ်ထွင်ရှင်း လင်းပြီး ရေမြောင်း အတွင်းရှိ အမှိုက်သရိုက် များ ကို လည်း ဆယ်ယူခြင်း ၊ တံမြက်စည်းလှဲခြင်း စသည့်တို့ကို စုပေါင်း သန့်ရှင်း ရေး ပြုလုပ် ခဲ့ကြပြီး သီရိမင်္ဂလာခန်းမရှေ့မှ မြို့မဘောလုံးကွင်းလမ်းဆုံ (အလောင်း ဘုရားလမ်း) အထိ လမ်းဘေး ဝဲယာတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ၊ ပြည်သူ များ နှင့် တာဝန်ရှိသူများက ပလက်စတစ်အမှိုက်များ၊ စွန့်ပစ်အမှိုက်များ ကို ကောက်ယူပြီး စည်ပင် သာယာရေး အဖွဲ့က အမှိုက်သိမ်း ကားဖြင့် သိမ်းယူကာ သတ်မှတ် နေရာတွင် စနစ်တကျ စွန့်ပစ် ဆောင်ရွက်ခဲ့ ကြောင်း သိရ သည်။
အောင်ကျော်စိန် ၊ သက်လွင်စိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment