ဒေးဒရဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 


MNP - နိုဝင်ဘာ   ၄


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကလေးသူငယ်အခွင်အရေးများဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပရာ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကလေးသူငယ်များရဲ့ အသက်ရှင်ခွင့်၊ ဖွံဖြိုးတိုးတက်မှု၊ ပါဝင် စောင့်ရှောက်ခွင့်နှင့် ကာကွယ် စောင့်ရှောက်ခွင့် စသည့် အခွင့်အရေး(၄)ရပ်ကို ရရှိစေရေး မြို့နယ်အဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့တွင် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ပြဌာန်းခဲ့ပြီး ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုသိရှိလာစေရေး လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကလေးသူငယ်မှုခင်းများ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်း များကို ဆောင်ရွက်သွားကြရန်နှင့် မြို့နယ်အတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေနှင့် အညီ အကူအညီပေးနိုင်ရေးနှင့် ကာကွယ်စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ပူးပေါင်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဌာနများအနေဖြင့် ပါဝင်ဆွေးနွေးကြရန် မှာကြားခဲ့ပြီး ကော်မတီ အတွင်းရေးမှူး လူမှုဝန်ထမ်းဦးစီးဌာနမှူး ဒေါ်နီနီမြင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ ရည်ရွယ်ချက်များ၊ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုး မူလတန်းကြိုကျောင်း (၁၃) ကျောင်းရှိ ဆရာမများနှင့် သင်ထောက်ကူပစ္စည်းများ အတွက်  ထောက်ပံ့ ငွေများ ပေးအပ်ထားရှိမှု၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံပေးလျက်ရှိသော မိခင်ဝိုင်းများအား အာဟာ ရကျွေးမွေးစရိတ်များ ထောက်ပံ့ပေးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ကော်မတီအဖွဲ့ဝင်များက ဌာနအလိုက် ကလေးသူငယ်များအခွင့်အရေးများဆိုင်ရာ လုပ်ငန်း တာဝန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ဖြည့်စွက်ဆွေးနွေးခဲ့ ကြောင်း သိရသည်။


သတင်း - အေဇာလင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)