ဘုတ်ပြင်မြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘုတ်ပြင်မြို့၌ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းဖွင့်လှစ်



MNP -  နိုဝင်ဘာ  ၁၂


တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်  ဘုတ်ပြင်းမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေး ဆင့်ပွားသင်တန်းကို ယနေ့နံနက်က မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမ တွင် ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ စီမံခန့်ခွဲမှုစွမ်းရည်မြင့်မားရေးသင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးအောင်စိုးက ကျောင်းတွင်းစီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက်  ကျောင်းအုပ်ကြီးများ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံပညာကျောင်းများရှိ ဆရာ ဆရာမများ ကျောင်းသားကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှ အရည်အသွေးရှိသည့် လူသားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း သင်ကြားသင်ယူမှု တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးခြင်း လုပ်ငန်းများထိရောက်စွာ ဆောင်ရွက်နိင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။


အဆိုပါသင်တန်းသို့  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၉၂)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ် ဆရာကြီး၊ဆရာမကြီး (၉၂) ဦးတို့အား မြို့နယ်ပညာရေးမှူး က  သင်တန်းကာလ တစ်ရက်ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)