နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ် (စစ်ကိုင်း) တွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ   ၂၂


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘွဲ့ကြို (ပထမနှစ်) မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူ များအား ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့က အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ကြိုဆိုပွဲ အခမ်းအနားတွင် နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ် ဒေါက်တာညွန့်စိုးက မောင်တို့/ မယ်တို့ဟာ တက္ကသိုလ်ဝင်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့ကြတဲ့အတွက် အင်ဂျင်နီယာ ဘာသာရပ်တွေကို မိမိတို့ရဲ့ ဝါသနာ/ ဆန္ဒများနဲ့အညီ ဒီကျောင်းတော်ကြီးမှာ တက်ရောက်ခွင့် ရရှိခဲ့ကြတဲ့အတွက် အားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါကြောင်း၊ ဒီကျောင်းတော်ကြီးကနေ စည်းကမ်းချက်များနှင့်အညီ သင်ကြားပို့ချပေးလိုက်မယ့် ပညာရပ်တွေကို ကြိုစားသင်ယူသွားကြရင်း မိမိတို့ရဲ့ကျရာ နေရာဒေသအသီးသီးသို့ ရောက်ရှိပြီး တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ ဒီပညာရပ်တွေကို အသုံးချပြီး နိုင်ငံ့အကျိုး/ လူမှုစီးပွားအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်နိုင်သည့် အင်ဂျင်နီယာကောင်းများဖြစ်အောင် နိုင်ငံတော်မှအားထားရတဲ့ သားကောင်း/ သမီးမွန်များဖြစ်အာင် ကြိုးစားသွားကြပါလို့ အထူးမှာကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများက ဘာသာရပ်ဆိုင်ရာ မိတ်ဆက်ခြင်းနှင့် ကြိုဆိုနှုတ်ခွန်းဆက် စကားများအသီးသီး ပြောကြားပေးခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ နည်းပညာတက္ကသိုလ် (စစ်ကိုင်း) ပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဌာနတာဝန်ခံများ၊ ဆရာ/ ဆရာမများ၊ မောင်မယ်သစ်လွင် ကျောင်းသား/ ကျောင်းသူများ အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - ဇော်မြင့်နိုင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)