မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲများ ပြုလုပ်





MNP ၊  နိုဝင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုး သား အောင်ပွဲ အထိမ်းအမှတ်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့်   ယနေ့ နံနက် ၉ နာရီအချိန် က အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းတွင် စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ ဆောင်ရွက်တွင်  ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင် ပွဲနေ့ အထိမ်းအမှတ်အဖြစ်  စာစီစာ ကုံး ပြိုင်ပွဲအား ကျင်းပပြုလုပ်ရာ  အခြေခံပညာအထက်တန်းကျောင်း နှင့် အ လယ်တန်းကျောင်းများမှ အထက်တန်းကျောင်းသား၊ ကျောင်းသူ ၉ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦး နှင့် ပန်းချီပြိုင်ပွဲတွင် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၉ ဦး ၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ 

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ကျောင်းသူများအား (၁၀၂) နှစ်မြောက် အမျိုးသား အောင် ပွဲအထိမ်းအမှတ်နေ့ အခမ်းအနားတွင် ဆု များ အသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ 


သက်လွင်စိုး၊ အောင်ကျော်စိန် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)