MNP ၊ နိုဝင်ဘာ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ တန်ဆောင်မုန်း လပြည့်ကျော်(၁၀) ရက်နေ့တွင်ကျရောက်မည့် ( ၁၀၂ )နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများ၌ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းများကိုကျောင်းသားလူငယ်များ အသိပညာဗဟုသုတများ ပိုမိုရရှိစေရန် ရည်ရွယ်၍ ကျောင်းသား/သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်များ၊ ပညာရေးမျှော်မှန်းချက်များ၊ မိန့်ခွန်းကောက်နုတ်ချက်များ၊ အမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆို အဓိဋ္ဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၏အမည်စာရင်း၊ အမျိုးသားရေးဆောင်းပုဒ်၊ ကဗျာ၊ ကာတွန်း၊စသည့်အမျိုးသားရေးနှင့် ပတ်သက်၍ ရေးသားဖော်ပြထားကြောင်းသိရသည်။
ပြည့်ဖြိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment