MNP ၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊ မာန်အောင်မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ် အဖြစ် စာစီစာကုံးပြိုင်ပွဲကိုယနေ့ နံနက်၉ နာရီကအ-ထ-က (ခွဲ)ဈေးတန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ် စာစီစာကုံးပြိုင်ပွဲတွင် မာန်အောင်မြို့နယ်အတွင်းရှိအခြေခံပညာအထက်တန်း၊အလယ်တန်း၊မူလတန်းအဆင့် ကျောင်းသား/သူများက ဝင်ရောက်ယှဉ်ပြိုင်ကြရာ အထက်တန်းအဆင့်တွင် ကျောင်းသား/သူ (၁၂ )ဦးက "အမျိုးသားအောင်ပွဲနေ့မှသည်ဖယ်ဒရယ်ပြည်ထောင်စုဆီသို့"ခေါင်းစဉ်ဖြင့် လည်းကောင်း ၊အလယ်တန်းအဆင့်တွင် ကျောင်းသား/သူ(၁၉)ဦးက "အမျိုးသားအောင်ပွဲနေ့မှသည်အနာဂတ်ပြည်သို့" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင်ကျောင်းသား/သူ(၁၀)ဦးက "အမျိုးသားနေ့မမေ့အပ်ပေတို့တစ်တွေ" ခေါင်စဉ်ဖြင့်လည်းကောင်း ဝင်ရောက် ယှဉ်ပြိုင်ကြပြီး ဆုရရှိသောကျောင်းသား/သူများအား နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်း အမှတ်အခမ်းအနားကျင်းပရာတွင် ဆုများအသီးသီးချီးမြှင့်ပေးအပ်သွား မည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment