MNP ၊ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ညနေ( ၄)နာရီးအချိန်က အမှတ်( ၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအားအခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများ၊ ပြည်သူများ ဗဟုသုတရရှိစေရန်အတွက် သတင်းစကားလက်ကမ်းစာစောင်တွင် (၁၀၂)နှစ်မြောက် အမျိုသားအောင်ပွဲနေ့အထိမ်းအမှတ်၊ နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံးညီညွတ်စိုh၊ ၂၀၂၂ ခုနှစ်( ၁၀၂)နှစ် မြောက်အမျိုးသားအောင်ပွဲနေ့ဦးတည်ချက်၊ ပညာရေးမျှော်မှန်ချက်၊ သူ့ကျွန်မခံအမျိုးသားအားမာန်၊ မှန်ကန်သောမျိုးချစ်စိတ်ဓါတ်များရှိရန်အထူးလိုအပ်၊ ပညာရေးဖြင့်ခေတ်မိဖွံ့ဖြိုးတိုးတက်သေ ာနိုင်ငံတော်ကြီးတည်ဆောက်အံ့၊ လူငယ်တွေရဲ့ခေတ်၊ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး( ၁၁)ဦးနှင့် အမျိုးသားရေးအားမာန် စသည့်ခေါင်းစဉ်တို့ပါရှိသော လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။
လှကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment