မောင်တောမြို့နယ် လသာရပ်ကွက်နေသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောင်တောမြို့နယ် လသာရပ်ကွက်နေသူတစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 


MNP ၊  နိုဝင်ဘာ  ၁၅

ရခိုင်ပြည်နယ် ၊ မောင်တောမြို့နယ် လသာရပ်ကွက်နေသူတစ်ဦးထံမှ  ယမန်နေ့ (၁၄:၃၀)မိနစ် အချိန် စိတ်ကြွရူး သွပ်ဆေးပြားများ ဖမ်းဆီးရမိ ခဲ့ကြောင်းသိရသည်။ 

ဖြစ်စဉ်မှာ နယ်ထိန်းရဲတပ်ဖွဲ့နှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့သည် မောင်တောမြို့ ၊ လသာရပ်ကွက်  နေထိုင်သူ နှစ်ဦးမှာ မူးယစ်ဆေးဝါးရောင်းချနေကြောင်းသတင်းအရ လသာရပ်ကွက်၊ ဘာဇူရွာနေ ဒိလ်ဒါဘေဂေါင်၏ နေအိမ်အား ဝင်ရောက် ရှာဖွေရာ ၎င်းမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး နူရ်မာမောက်မှာ ဒိလ်ဒါဘေဂေါင်၏ နေအိမ်အိပ် ခန်းအတွင်းတွေ့ရှိကာ  ၎င်းကိုင်ဆောင်ထားသော ပလက်စတစ်အပိုင်းအစ ဗလာစာရွက်ဖြင့် ထုပ်ထားသည့် အပြာရောင် ကပ်ခွာ အိတ်အား အိပ်ခန်းအနီးရှိဖွဲအိတ်အတွင်း သိုဝှက်သိမ်းသည်ကိုတွေ့ရှိသဖြင့်  စစ်ဆေးရာ ပလက်စတစ်အပြာရောင် ကပ်ခွာ အိတ်အတွင်း  WY/R စာတမ်းပါ အဝါပျော့ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၄၀)ပြား ၊ အလေး ချိန် (၁၂.၆ ) ဂရမ် ခန့်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ နှင့်အတူ တွေ့ရှိသူ နှင့် ရောင်းချရန် လက်ဝယ် ထားရှိသူ နူရ်မာ မောက်(ကျား) ၊အသက်(၄၉)နှစ် လသာရပ်ကွက် အောက်ရွာနေသူ နှင့် လသာရပ်ကွက် ၊ ဘာဇူရွာနေ ဒိလ်ဒါဘေဂေါင် (မ) (၄၆)နှစ် (ထွက်ပြေးတိမ်းရှောင်) တို့ နှစ်ဦးအား  မြို့မရဲစခန်းတွင် မယ(ပ) ၃၉/၂၀၂၂ ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အမှု ဖွင့် လှစ်ကာ အရေး ယူနိုင်ရေး  စီစဉ် ဆောင်ရွက် လျှက် ရှိ ပြီး ထွက်ပြေးတရားခံအား သက်ဆိုင်ရာမှ အမြန်ဆုံး ဖမ်းဆီးနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝေလ(မောင်တော)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)