မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောင်းမြမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP - နိုဝင်ဘာ  ၂၃


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် မြောင်းမြခရိုင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ ကြီးကြပ်မှုဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲ အခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ယနေ့နံနက် ၈ နာရီ အချိန်က ကျင်းပခဲ့သည်။


အခမ်းအနားတွင် မြောင်းမြခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ  ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားပြီးနောက် မြောင်းမြခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။


အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဆိုင်ရာဝေါဟာရများ၊ ကြိုတင်ကာကွယ်ရေးနှင့် ဘေးအန္တရာယ်လျော့ပါး သက်သာစေရေး နည်းလမ်းများ၊ ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေပေးခြင်း၊ ကြိုတင်သတိပေးစနစ်ကို ခြုံငြုံလေ့လာခြင်း သင်ခန်းစာများကို သင်ကြား ပို့ချမည်ဖြစ်သည်။ သင်တန်းကို (၂၃-၁၁-၂၀၂၂)ရက်နေ့မှ (၂၆-၁၁-၂၀၂၂)ရက်နေ့အထိ နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ (၃)ရက်ကြာ ပို့ချမှာဖြစ်ပြီး ဌာနဆိုင်ရာ အသီသီးမှဝန်ထမ်းများ၊ ပရဟိတအဖွဲ့အစည်းများမှ သင်တန်းသားသင်တန်းသူ စုစုပေါင်း(၃၀)ဦး တက်ရောက်ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)