နည်းပညာတက္ကသိုလ်(ပုသိမ်) ၂၀၂၂-၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(ပုသိမ်) ၂၀၂၂-၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပ

 


MNP - နိုဝင်ဘာ  ၂၂


ပုသိမ်နည်းပညာတက္ကသိုလ်၏ ၂၀၂၂-၂၃ ပညာသင်နှစ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အဆိုပါကျောင်းရှိ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။        


ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်သူရမှ ကျောင်းသား၊ ကျောင်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး နည်းပညာတက္ကသိုလ် ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍လည်းကောင်း၊ ဆရာ/ဆရာမများ၏ သင်ကြားမှုများနှင့် ပါတ်သက်၍ လည်းကောင်း ပရိုဂျက်တာဖြင့် ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းရေးရာဌာန ဌာနကြီးမှူး ဒေါက်တာဇင်မော်ဦးနှင့် ဌာနအသီးသီးမှ ဌာနနမှူးများက ဘာသာရပ်အလိုက် သင်ကြားရမည့် နည်းပညာများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြသည်။


သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားပေးကြမည့် ဌာနမှူးများမှ အသစ်ဝင်ရောက်သည့် ကျောင်းသား/သူများအနေဖြင့် မိမိတို့ စိတ်ပါဝင်စားမှုရှိသော ဘာသာရပ်များကို ကြိုးစား သင်ယူကြစေလိုကြောင်း ဘာသာရပ်အလိုက် သင်ကြားပေးမည့် သင်တန်းဆရာ/ဆရာမ ၁၇ဦး ရှိပြီး ကျောင်းသား/သူများအနေဖြင့် ကြိုးစားသင်ယူကြစေလိုကြောင်း ဌာနမှူးများမှ ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။


သတင်း - မြင့်ဟန်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)