MNP ၊ နိုဝင်ဘာ ၁၈
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ်အတွင်း ယာဉ်မတော်တဆမှုများ လျော့နည်းစေရေးအတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင် သွားလာနိုင်စေရေး အသိပညာပေး သရုပ်ပြခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က ငပလီမြို့ ဇီးဖြူကုန်းရပ်ကွက် မဇင်နှင့် မြပြင်ရပ်ကွက်တို့၌ပြုလုပ်ခဲ့သည်။
အဆိုပါ သရုပ်ပြပွဲတွင် သံတွဲမြို့နယ် အမှတ် ၂၄ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုရဲမှူး ဉာဏ်မင်းကိုကို က မှုခင်းကျဆင်းရေးအတွက် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာရန်စည်းကမ်းများ ၊ ခြေလျင်သွားလာသူများ လမ်းဖြတ်ကူးသူများအနေဖြင့် လိုက်နာရမည့် ယာဉ်စည်းကမ်းလမ်းစည်း ကမ်းဆိုင်ရာများကို ရှင်းလင်းပြောကြားခြင်း၊ယာဉ်မတော်တဆမှုဖြစ်ပွားလာလျှင် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များနှင်လူမှုကူညီ ရေးအသင်း အဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မှုများကို လက်တွေ့ သရုပ်ပြသခဲ့ကြောင်းသိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment