နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်


MNP ၊ နိုဝင်ဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အမိန့်အမှတ် ၇၀/ ၂၀၂၂၊ ၇၁/ ၂၀၂၂၊ ၇၂/ ၂၀၂၂၊ ၇၃/ ၂၀၂၂ နှင့် ၇၄/ ၂၀၂၂ တို့ဖြင့် အကျဉ်းထောင်၊ အကျဉ်းစခန်းနှင့် အလုပ်စခန်းအသီးသီးတို့တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း ၅၇၇၄ ဦးနှင့် အခြားအကျဉ်းသား ၅ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ပါသည်။ 

ထို့ပြင် အမှုဖွင့် တရားစွဲဆိုခံထားရသည့် အနုပညာရှင် ၁၁ ဦးကို ၎င်းတို့အပေါ် စွဲဆိုထားသည့် အမှုများကို ပိတ်သိမ်းခွင့်ပြုခဲ့ပြီး နိုင်ငံခြားသား/ သူ ၄ ဦးတို့ကိုလည်း ပြစ်ဒဏ်များ လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။ ဤကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လူသားချင်းစာနာ ထောက်ထားမှုဖြင့် ဆောင်ရွက်ပေးမှုသည် လျော်ကန်သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ယင်းကဲ့သို့ ဆောင်ရွက်ပေးမှုနှင့် ပတ်သက်သော ရည်ရွယ်ချက်ကို အမျိုးမျိုးဖော်ပြ ပြောဆိုမှုများရှိသော်လည်း သက်ဆိုင်ရာ မိသားစုများအနေဖြင့် ယင်းတို့၏ မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိသည့်အတွက် ဝမ်းမြောက်ပီတိဖြစ်ကြရသည်မှာ အထင်အရှားပင် ဖြစ်ပါသည်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး အကျိုးစီးပွားများအတွက် နောင်အနာဂတ်တွင်လည်း အလားတူ အပြုသဘောဆောင်သော ခြေလှမ်းလုပ်ဆောင်မှုများ ချမှတ်လုပ်ဆောင်နိုင်မည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)