MNP ၊ နိုဝင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း(အင်္ဂပူ)၌ ပြုလုပ်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ကျောင်းဆောင်သစ်ဆိုင်းဘုတ်အား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေး ရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင်လှိုင်နှင့်မြို့မိ၊ မြို့ဖဦးနေလင်းတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Global Art ကုမ္ပဏီမှလှူဒါန်းသည့် အလှူငွေ ကျပ် သိန်း ၅၀ အား တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်းမှ ပေးအပ်ရာ ကျောင်းဆောင်သစ် ဆောက်လုပ်မှုကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှလည်ကောင်း၊ မြို့မိ၊ မြို့ဖနှင့် အလှူရှင်များလှူဒါန်းသည့် အလှူငွေကျပ် သိန်း ၁၀၀ အား မြို့မိ၊ မြို့ဖ ဦးအောင်မြတ်ကျော်မှ ပေးအပ်ရာ မြို့နယ်ပညာရေးမှူး ဦးလှထွဋ်တို့ လက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ထို့နောက်ဝန်ကြီးချုပ်နှင့် အစိုးရဖွဲ့ဝန်ကြီးများမှ ကျောင်းဆောင်သစ်က ဗျည်မော်ကွန်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပျက်ဖျန်းပေးခဲ့ပြီး ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး ကျောင်းဆောင်သစ်မှာ ၁၂၀ ပေ Steel Structure အမျိုးအစား တစ်ထပ် (စကားဝါဆောင်) ကျောင်းဆောင်အား တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၄၅၂၀၀၀၀၀) ကျပ်ဖြင့် ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
မန်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment