ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကော့ကရိတ်မြို့ အထကခွဲ လှိုင်ဝကျောင်းတွင် ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကော့ကရိတ်မြို့ အထကခွဲ လှိုင်ဝကျောင်းတွင် ပြုလုပ်



MNP - နိုဝင်ဘာ  ၁၈


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(လှိုင်ဝ)တွင် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၁ နာရီက ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာတို့ကို အသိပညာပေးဟောပြောခဲ့သည်။


ထိုသို့ဟောပြောရာတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ(လှိုင်ဝ) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းနှင်းယုက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးညွန့်ဦးက ကုန်တင်ယာဉ်များ၏ သတ်မှတ်ချက်များ ယာဉ်များမောင်းနှင်ရာတွင် အသက်(၁၈)နှစ်ပြည့်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်၍ မောင်းနှင်ကြရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းနှင့်ပတ်သက်သည့် အမှတ်အသားများ မော်တော်ဆိုင်ကယ် /မော်တော်ယာဉ် မောင်းနှင်ရာတွင် လိုက်နာရမည့်အချက်များ၊ ဥပေဒပုဒ်မများ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် နည်းဥပဒေများ၊ ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်ဦးထုပ်ဆောင်း၍ မောင်းနှင်စီးနင်းရေး စသည်တို့ကိုအသိပညာပေး ဟောပြောခဲ့ကြသည်။


ထို့နောက် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍မေးခွန်းများမေးမြန်းရာ  အဖြေမှန်ဖြေကြားခဲ့သည့် ကျောင်းသူကျောင်းသားများကို အမှတ်တရဆုများ ချီးမြှင့် ပေးခဲ့ကြောင်းသိရသည်။


သတင်း - ခင်မျိုးဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)