MNP ၊ နိုဝင်ဘာ ၁၈
PDF အကြမ်းဖက်သမားများအနေဖြင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်လုယက်ခြင်းများ ကျူးလွန်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ ဆရာတော်၏ ကျောင်းတိုက်ရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများ၏ ဆိုးသွမ်းယုတ်မာမှုများကို ရှင်းလင်း ပြောကြားပြီး ညီညီညွတ်ညွတ် ကာကွယ်ကြရန် သြဝါဒမိန့်ကြားခဲ့ကြောင်း သိရသည်။
ဆရာတော် ဦးဝါသဝ က ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေဖြင့် ညီရင်းအစ်ကိုပမာ စိတ်ထားရှိရန် လိုအပ်ကြောင်း၊ အကြမ်းဖက်ဘေးအန္တရာယ်များကို တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ခုခံကာ၍ မရနိုင်ကြောင်း၊ ယခုအခါ ပြည်သူ့စစ်များဖွဲ့စည်းထားနိုင်သည့် ကျေးရွာများတွင် PDF အကြမ်းဖက်သမားများ ဝင်ရောက်ဖျက်ဆီးခြင်း မပြုနိုင်တော့ကြောင်း၊ PDF အကြမ်းဖက်သမားများအနေဖြင့် ဆရာတော်သံဃာတော်များကို လုပ်ကြံသတ်ဖြတ်၍ သံဃိက လှူဒါန်းထားသည့် ပစ္စည်းများကိုပင် ဓားပြတိုက်လုယက်မှုများ ကျူးလွန်လျက်ရှိကြောင်း၊ အပြစ်မဲ့ ဈေးသည်များကို သတ်ဖြတ်၍ ငွေကြေးပစ္စည်းများကို လုယူမှုများလည်း ကျူးလွန်လျက်ရှိကြောင်း၊ PDF အကြမ်းဖက်သမားများမှာ တိုင်းပြည်နဲ့ လူမျိုး ဘာသာ သာသနာကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးနေသူများ ဖြစ်သဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် ညီအစ်ကိုများအနေဖြင့် ညီညီညွတ်ညွတ်ဖြင့် မိမိတို့ ရပ်ရွာအတွင်း PDF အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်ခြင်း မရှိနိုင်အောင် ကာကွယ်ကြရမည်ဖြစ်ကြောင်း၊ ရပ်ရွာလူထုအတွင်း အကြမ်းဖက်အားပေးလုပ်ရပ်များ မလုပ်ကြရန်နှင့် ကာကွယ်မှု ပေးရာတွင် အနီ၊ အစိမ်းမခွဲခြားဘဲ ကာကွယ်မှုပေးရမည်ဖြစ်ကြောင်း၊ အကြမ်းဖက်အားပေး အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိသူများကိုမူ ရပ်ရွာအတွင်း ထားရှိရန် မဖြစ်နိုင်ကြောင်း၊ အကြမ်းဖက်ဘေးအန္တရာယ်များကို မပေါ့ဆသော သတိဖြင့် ကာကွယ်ကြရန် လိုအပ်ကြောင်း ရှင်းလင်းမိန့်ကြားခဲ့သည်။
ဆရာတော် ဦးဝါသဝ အနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်ဘေးအန္တရာယ်ကာကွယ်ရေး ရပ်ရွာများတွင် ပြည်သူ့စစ်ဖွဲ့စည်းနိုင်ရေး လိုက်လံစည်းရုံးဆောင်ရွက်လျက်ရှိပြီး ခုခံကာကွယ်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ချိတ်ဆက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment