မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုး - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုး



MNP - နိုဝင်ဘာ  ၂၇


မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးကို လျှပ်စစ်ရေတင်စီမံကိန်း၊ ဆည်ရေကန်ရေသောက်စနစ်နှင့်  မိုးကောင်းရေသောက်စနစ်တို့ဖြင့် စိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးနိုင်ခဲ့ ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ  ဒေသခံတောင်သူများ သည် မိုးစပါးကို လျှပ်စစ်ရေတင်စီမံကိန်းဖြင့်လည်းကောင်း၊ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့်လည်းကောင်း၊ ဆည်ရေကန်ရေ မရရှိသည့် ဒေသများတွင် မိုးကောင်းရေသောက် စနစ်ဖြင့်လည်းကောင်း အသီးသီးစိုက်ပျိုးလျက်ရှိသည်။ ယင်းသို့ စိုက်ပျိုးရာတွင် ဒေသခံတောင်သူများက မိုးစပါးကို ပျိုးထောင်စိုက်ပျိုးသည့်စနစ်၊ တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးသည့်စနစ်များဖြင့် ဇူလိုင်လမှ စတင်၍ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရာတွင်လည်း ဒေသနှင့် ကိုက်ညီ ပြီး အထွက်နှုန်းကောင်းသည့် မနောသုခ ၊ ဆင်းသုခ ၊ ဧရာမင်းမျိုးစပါးများနှင့် ဒေသမျိုးစပါးများကို အဓိက စိုက်ပျိုးလျက်ရှိသည်။


ယင်းသို့ စိုက်ပျိုးရာတွင် ယခုနှစ် ၂၀၂၂-၂၀၂၃ခု ဘဏ္ဍာရေးနှစ်၌ မိုးစပါးကို လျှပ်စစ်ရေတင်စီမံကိန်း၊ ဆည်ရေကန်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်တို့ဖြင့် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာမြို့နယ်တွင် စိုက်ဧက ၁၀၄၃၂ ဧက၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၄၅၀၉ ဧက၊ သာစည်မြို့နယ်တွင် ၃၁၄၀၄ဧကနှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၅၄၃၈၈ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ရာ မိတ္ထီလာခရိုင် အတွင်း မိုးစပါးစိုက်ဧက ၁၀၀၇၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။


သတင်း - သိန်းမြင့်ကျော်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)