နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ပုဂ္ဂလိက စက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ် ထောက်ခံချက်ပြုရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း နေပြည်တော်ပုဂ္ဂလိက စက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ် ထောက်ခံချက်ပြုရေး ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 



MNP - နိုဝင်ဘာ   ၃၀


နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ် ထောက်ခံချက်ပြုရေး ကော်မတီအဖွဲ့ဝင် များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ နေပြည်တော် ပုဂ္ဂလိကစက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းစိစစ်ထောက်ခံချက်ပြုရေး ကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက  နေပြည်တော်ပုဂ္ဂလိကစက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းတာဝန် မူဝါဒများ ချမှတ်နိုင်ရေး၊ ချမှတ်ထားသည့် မူဝဒါများအား ပြင်ဆင်ရန် အချက်များရှိပါက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း၊ စိုက်ပျိုးရန် လုပ်ငန်းရှင်များ လျှောက်ထားလာပါက သတ်မှတ်ထားသည့် စည်းကမ်းချက်များ လိုက်နာနိုင်ရေး တာဝန်ရှိသူ များအနေဖြင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် ဝါးစိုက်ခင်းတည်ထောင်ခွင့်ပြုရန် သဘောထားမှတ်ချက်ပြု စိစစ်ထောက်ခံချက်ပြုရေး ကော်မတီ၊ အတွင်းရေးမှူး နေပြည်တော်သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးညွန့်ဝင်းက ပုဂ္ဂလိက စက်မှုကုန်ကြမ်း (ဝါး) စိုက်ခင်း တည်ထောင်ခွင့်ပြုခြင်းနှင့်ပတ်သက်၍ မူဝါဒများကိုလည်ကောင်း၊ တွဲဖက်အတွင်းရေးမှူး နေပြည်တော်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထူးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်နှင့် စပ်လျဉ်း၍ သတ်မှတ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။


ယင်းနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်မျာက (ဝါး)နှင့်ပတ်သက်သည့် လုပ်ငန်းများကို သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြ ဆွေးနွေးကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း လိုအပ်သည်များကို ဖြည့်စွက်ဆွေး နွေးပေးခဲ့ကြောင်း သိရသည်။


သတင်း - အောင်ကို


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)