နည်းပညာတက္ကသိုလ်များသည် စနစ်သစ်နှင့်ကိုက်ညီအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်များသည် စနစ်သစ်နှင့်ကိုက်ညီအောင် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိ



MNP ၊ နိုဝင်ဘာ ၂၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တို့ပူးပေါင်းကျင်းပသည့် “Engineering Education Pro-grams for New National Edu-cation System” ဖိုရမ်ကို ယမန်နေ့က ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၌ ကျင်းပသည်။


ဖိုရမ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲရေးအတွက် KG+12 စနစ်ကိုအခြေခံ၍ သင်ရိုးညွှန်းတမ်းများရေးဆွဲလျက်ရှိကြောင်း၊ နည်းပညာတက္ကသိုလ်များသည် စနစ်သစ်နှင့်ကိုက်ညီ အောင်သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နည်းပညာဆိုင်ရာဘာသာရပ်များကို ပြုပြင်ပြောင်းလဲရာတွင် Indus-trial ၏ ကျွမ်းကျင်မှုလိုအပ်ချက်၊ အသိပညာလိုအပ်ချက်နှင့် အရည်အချင်းလိုအပ်ချက်များကို သေချာစွာထည့်သွင်း ရေးဆွဲရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက အင်ဂျင်နီယာပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြောင်းအရာများကို Virtual စနစ်ဖြင့်ပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာပညာရှင်များက အင်ဂျင်နီယာပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။


ဖိုရမ်ကိုသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အနာဂတ်အင်ဂျင်နီယာပညာရေးစနစ် ဖော်ဆောင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဖိုရမ်သို့ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီ၊ နည်းပညာတက္ကသိုလ်များ၊ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်နှင့်သိပ္ပံများမှပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)