မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ




MNP - နိုဝင်ဘာ   ၅


တန်ဆောင်မုန်းလပြည့်နေ့တွင် မကွေးမြို့ မြသလွန် စေတီရင်ပြင်တော်တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်ထောက်ပံ့ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံ လွှင့်တင်ခြင်း အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီ အချိန်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် မကွေးမြသလွန် ဘုရားဂေါပကတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင်  ယခင်နှစ်များ၌ သီတင်းကျွတ်လပြည့်နေ့တွင် မြသလွန် ဘုရားဆီမီးထွန်းပွဲတော်ကျင်းပခဲ့ရာ ယခုနှစ်တွင်မူ တစ်ကြိမ် တစ်ခါမျှမကျင်းပဖူးသော တန်ဆောင်တိုင် မီးထွန်းပွဲတော်အား ဆောင်ရွက်သွားမည်ဖြစ်ပြီး မီးပုံးပျံ များအားလည်း လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဒါ့အပြင် မကွေးမြို့ရှိ သီလရှင်အပါး (၅၀၀)နှင့် အခြေခံလူတန်းစား အိမ်ထောင်စုများအားလည်း အခြေခံစားသောက်ကုန်များ ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ရာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်းက မကွေးမြို့ မြသလွန် စေတီရင်ပြင်တော်တွင် အခြေခံ လူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်ထောက်ပံ့ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံ လွှင့်တင်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးသန့်စင်ကိုကိုက အခြေခံလူတန်းစားအိမ်ထောင်စုများအား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိသည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။


ထို့နောက် အခမ်းအနားကို တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မကွေးမြို့ မြသလွန်စေတီရင်ပြင်တော်တွင် အခြေခံလူတန်းစား အိမ်ထောင်စုများအား အခြေခံ စားသောက်ကုန် ထောက်ပံ့ခြင်း၊ ဆီမီးပူဇော်ခြင်းနှင့် မီးပုံးပျံလွှင့်တင်ခြင်း အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ အခမ်းအနားကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်မုန်း လပြည့်နေ့တွင် မကွေးမြို့၊ မြသလွန်ဘုရားရင်ပြင်၌ နံနက်ပိုင်းတွင် မကွေးမြို့ပေါ်ရှိ သီလရှင်အပါး (၅၀၀)နှင့် အခြေခံလူတန်းစား အိမ်ထောင်စု (၅၀၀၀) အား အခြေခံ စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ခြင်း၊ ညပိုင်းတွင် မီးပုံးပျံ(၂၀၀)ခန့်အား လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)