ပေါက်တောမြို့နယ်၌ သရွဲကျေးရွာ၌ ကျေးရွာဝင်လမ်း ကွန်ကရစ်ခင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ်၌ သရွဲကျေးရွာ၌ ကျေးရွာဝင်လမ်း ကွန်ကရစ်ခင်း

 


MNP - နိုဝင်ဘာ  ၂၃


ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သရွဲကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဝင်လမ်းကွန်ကရစ်ခင်းခြင်းအား နိုင်ငံတော်ထောက်ပံ့ငွေ ၁၀ သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂ ဒသမ ၅ သန်းဖြင့် ကွန်ကရစ်လမ်း အလျား ၆၁၅  ပေ၊ အကျယ် ၇ ပေ ၊ ထု ၆ လက်မ ဆောက်ရွက်လျက်ရှိကြသည်။


အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ကျေးရွာဝင်လမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြကာ လုပ်ငန်းမှာ ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမင်းစိုး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)