ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး တနင်္သာရီတိုင်းဒေသကြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး


MNP ၊ နိုဝင်ဘာ ၅

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယမန်နေ့နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဦးစီးဌာနများမှ တိုင်းဒေသကြီးဦးစီးမှူးများ၊ ဝန်ထမ်းများနှင့်လည်းကောင်း၊ ယနေ့တွင် မြိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး၌ မြိတ်ခရိုင်နှင့် မြို့နယ်တို့မှ ဝန်ထမ်းများနှင့်လည်းကောင်း တွေ့ဆုံသည်။


တွေဆုံပွဲများတွင် ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမချေးငွေများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် မြစိမ်းရောင်စီမံကိန်းချေးငွေပုံစံကိုစံနမူနာယူ၍ ချေးငွေများအရင်း မပျောက်စေရေးအတွက် ဆောင်ရွက်စေလိုကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးလက်လမ်းတံတား၊ ရေပေးရေး၊ မီးလင်းရေး၊ မြစိမ်းရောင်၊ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးစီမံကိန်း VDP ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း စသည့်လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ပေးစေလိုကြောင်း။


အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် အမှန်တကယ်အသုံးဝင်သည့် သင်တန်းအမျိုးအစားများကိုသာ ရွေးချယ်ဖွင့်လှစ်ပေးစေလိုကြောင်း၊ ထူးချွန်သည့် သင်တန်းသား/ သူများအား လိုအပ်သောအရင်းအနှီးများအတွက် သက်ဆိုင်ရာဦးစီးဌာနနှင့် ချိတ်ဆက်၍ အရင်းအနှီးဆောင်ရွက်ပေးသွားရန်လိုကြောင်း။


ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကုန်ထုတ်လမ်းများဖောက်လုပ်ရာတွင် ဒေသထွက်ကုန်များကို ဈေးကွက်အရောက် တင်ပို့နိုင်ရေးအတွက် မြေပြင်တွင်အမှန်တကယ်လိုအပ်နေသည့် လုပ်ငန်းများကိုသာ အကောင်အထည်ဖော်ဆောင်ရွက်စေလိုကြောင်း၊ ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး ဦးစီးဌာန(၄)ခု ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် စေလိုကြောင်း မှာကြားသည်။


ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းဌာနများမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)