ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား တွေ့ဆုံ

 


MNP - နိုဝင်ဘာ  ၃၀


ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြို့နယ်အဆင့် ဌာနဆိုင်ရာများအား ယမန်နေ့နံနက် ၁၁ နာရီ အချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ လာရောက်တွေ့ဆုံခဲ့သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ  နိုင်ငံ့ဝန်ထမ်း စည်းမျဉ်း ၊ စည်းကမ်းများနှင့်အညီ  လိုက်နာနေထိုင်ပြီး မိမိတို့၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ဌာနဆိုင်ရာများအနေဖြင့်  စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  အခက်အခဲ တစ်စုံတစ်ရာ ရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဦးကိုကိုလေးက  မိမိတို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေး ၊ နယ်မြေလုံခြုံရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပြီး တွေ့ဆုံပွဲသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


သတင်း - သက်လွင်စိုး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)