ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဆင့်ပွားသင်တန်းပို့ချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံ ဆွေးနွေးပွဲ ဆင့်ပွားသင်တန်းပို့ချပေး



MNP - နိုဝင်ဘာ   ၁၃


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများအား သင်ကြားမှုသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်လာစေရန် အခြေခံပညာကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုနှင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ပိုင်းကစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ယုဇနခန်းမတွင် ဆွေးနွေးပို့ချပေးသည်။


ဆွေးနွေးပို့ချပေးရာတွင် ဆီဆိုင်မြို့နယ်ပညာရေးမှူး ဦးစိုးသစ်က အခြေခံပညာဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးခြင်း လုပ်ငန်းဘာသာရပ်များကို ပို့ချပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး(၂၂၀)ဦးတို့ကို နိုဝင်ဘာ ၁၁ ရက်မှ ၁၂ ရက်နေ့ ညနေ ၄ နာရီအထိ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။


သတင်း - မျိုးမြတ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)