စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကျင်းပ



MNP - နိုဝင်ဘာ   ၁၃


၂၀၂၂ခုနှစ်၊ နိုဝင်ဘာ ၁၇ရက်နေ့တွင် ကျရောက်သည့် (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် စမ်းချောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ ယမန်နေ့ နံနက်(၁၀)နာရီက ဟောပြောပွဲနှင့် စာအုပ်ပြပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။    


အဆိုပါ အခမ်အနားတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှုး ဒေါ်နီလာစိုးက မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် နေ့ထူးနေ့မြတ် ဖြစ်သည့် အမျိုးသားနေ့ကို အစဉ်အမြဲသတိရစေရန် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကို ကျင်းပရခြင်း ဖြစ်‌ကြောင်းပြောကြားပြီး မြန်မာတို့၏ အမျိုးသားရေးယဉ်ကျေးမှု၊ ဇာတိမာန် ၊အမျိုးသားနေ့တို့မမေ့၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံတို့ကို ကျောင်းသားကျောင်းသူများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါ ဟောပြောပွဲသို့ စမ်းချောင်းမြို့နယ်အတွင်းရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၀)ဦးတို့ တက်ရောက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေး စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။


သတင်း - ခင်ငြိမ်းချမ်းဝင်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)