(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ နိုဝင်ဘာ ၂၀

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်းဂေါပကအဖွဲ့ကကြီးမှူး ကျင်းပသည့် (၁၀၄) ကြိမ်မြောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ရွှေတိဂုံစေတီတော် ရင်ပြင် ရာဟုထောင့်အောင်မြေရှိ ချမ်းသာကြီးတန်ဆောင်း၌ ကျင်းပသည်။


အခမ်းအနားသို့ ရွှေတိဂုံစေတီ တော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ စေတိယင်္ဂဏနာယက ဩဝါဒါစရိယဆရာတော်ကြီးများ၊ စာထောက် စာမ ဆရာတော်များ၊ နိဗဒ္ဓသံဃာတော်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ စာလျှောက်မေးပွဲ ဝင်ရောက်ဖြေဆိုရန် ကြွရောက်တော်မူလာကြသည့် စာဖြေသံဃာတော်များ ကြွရောက်တော်မူကြပြီး ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင် ဧည့်ပရိသတ်များ တက်ရောက် ကြည်ညိုကြသည်။


ထို့နောက် နိုင်ငံတော်ဩဝါဒါစရိယ ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဩဝါဒါ စရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက်ဆရာ တော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဝရာ ဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူဆောက်တည်ကြသည်။


ယင်းနောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက် မေးပွဲကျင်းပရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးဘိုးသင်းက အဖွင့်စကား လျှောက်ထားသည်။


ထို့နောက် စေတိယင်္ဂဏ ပရိယတ္တိဓမ္မာနုဂ္ဂဟ စာလျှောက်မေးပွဲ ဩဝါဒါစရိယ တိပိဋက ရွေးချယ်ရေးအဖွဲ့ ဩဝါဒါစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထ ဝါစကပဏ္ဍိတ သ.စ.အ ဓမ္မာစရိယ (ဝဋံသကာ)ပါဠိပါရဂူ၊ ဘဒ္ဒန္တနာရ ဒါဘိဝံသထံမှ စာလျှောက်မေးပွဲနှင့်စပ်လျဉ်း၍ ဩဝါဒါခံယူကြသည်။


စေတိယင်္ဂဏ ပရိယတ္တိဓမ္မာ နုဂ္ဂဟ စာလျှောက်မေးပွဲကို ၁၃၄၅ ခုနှစ် (၆၇) ကြိမ်မြောက်ကာလ မှစ၍ ရွှေတိဂုံစေတီတော် ဘဏ္ဍာ တော်ထိန်း ဂေါပကအဖွဲ့က တာဝန်ယူ ကျင်းပခဲ့ရာ ယခုဆို (၁၀၄) ကြိမ်မြောက်ရှိပြီဖြစ်သည်။


ယခင် (၁၀၃) ကြိမ်မြောက် စာလျှောက်မေးပွဲတွင် သီးခြားစာချတန်းမှ သုံးပါးနှင့် သီးခြား စာသင်တန်းမှ နှစ်ပါး စုစုပေါင်း သံဃာတော် ငါးပါးတို့ အောင်မြင် တော်မူခဲ့ကြသည်။ ယခုနှစ် (၁၀၄) ကြိမ်မြောက် စာလျှောက်မေးပွဲကို ယနေ့မှ နိုဝင်ဘာ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်ရာ သီးခြားစာချတန်း၌ အပါး ၃၀၊ သီးခြားစာသင်တန်းမှ ၁၈၉ ပါး စုစုပေါင်း ၂၁၉ ပါးတို့ စာရင်းပေးသွင်းထားကြကြောင်း သတင်းရရှိသည်။


ဓာတ်ပုံ - ကိုကိုဇော်(MNA)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)