ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိူးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Nuclear technology information center၊ Peter the Great St. Petersburg Polytechnic Universityနှင့် Hermitage Museum တို့ကို သွားရောက်လေ့လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိူးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ Sanit Petersburg ရှိ Nuclear technology information center၊ Peter the Great St. Petersburg Polytechnic Universityနှင့် Hermitage Museum တို့ကို သွားရောက်လေ့လာ





MNP ၊ နိုဝင်ဘာ   ၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါလျက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင်  Sanit Petersburg ရှိ Nuclear technology information center သို့သွားရောက် လေ့လာကြသည်။


ဦးစွာ မြန်မာနိုင်ငံတွင် နျူကလီးယားပညာကို ငြိမ်းချမ်းသော  ရည်ရွယ် ချက်ဖြင့် အသုံးပြုနိုင်ရေးနှင့်ပတ်သက်၍ ပြည်သူလူထု ယုံကြည်စိတ်ချ လက်ခံ နားလည် သဘောပေါက်သိမြင်လာနိုင်စေရေးအတွက် ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ဖွင့်လှစ်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOMနှင့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်ကို လက်မှတ်ရေး ထိုးကြပါသည်။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည်  နျူကလီးယားနည်းပညာပြန်ကြားရေးဌာနသို့ ရောက်ရှိကြရာ ညွှန်ကြားရေးမှူးချုပ် ယာနစ်ချင်ကာက ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းဝေးခန်းမတွင် Nuclear Technology Information Center မှ ပြည်သူလူထု အတွက် အသိပညာပေး ဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြ ကြသည်။


ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Nuclear technology information center အတွင်း ပြသထားသည့် ပုံစံငယ်များ၊ Virtual Reality digital နည်းပညာဖြင့် ခင်းကျင်းပြသမှုများ၊ စွမ်းအင်များကို အကျိုးရှိရှိထိရောက်စွာ ထုတ်လုပ်မှုများ၊ Nuclearနည်းပညာ၏ လူသားနှင့်ပတ်ဝန်းကျင် အပေါ်မထိခိုက်စေဘဲ အကျိုးပြု မှုများနှင့် သတင်းအချက်အလက်များကို လှည့်လည်ကြည့်ရှု လေ့လာကြရာ တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်းပြသကြသည်။


ပြည်ထောင်စုဝင်ကြီး ဒေါက်တာမျိုးသိန်းကျော် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည်  Peter the Great St. Petersburg Polytechnic University သို့ ရောက်ရှိကြရာ ပါမောက္ခချုပ် ရုဒ်စကွိုင် အန်ဒရယ်အိ က ကြိုဆိုနှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကာလတိုသင်တန်းများ၊ ကျွမ်းကျင်မှုလက်ဆင့်ကမ်း သင်တန်းများ၊ ဘွဲ့လွန် သင်တန်းများ၊ Student exchangeနှင့် faculty exchange အစီအစဉ်များ ဆောင်ရွက် နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက္ကသိုလ်အတွင်း သင်ကြားသင်ယူနေမှုများနှင့် လက်တွေ့ဆောင်ရွက် နေမှုများ၊ သုတေသနစီမံကိန်းများကို လှည့်လည်ကြည့်ရှုကာ သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများမှ အသေးစိတ် ပြန်လည် ရှင်းလင်းဖြေကြားကြသည်။


အဆိုပါ တက္ကသိုလ်သည် လွန်ခဲ့သောနှစ်ပေါင်း ၁၂၀ကျော်ခန့်က စတင် တည်ထောင်ခဲ့ပြီး နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခု ဖြစ်ကာ၊ နိုဗယ်ဆုရ သိပ္ပံပညာ ရှင်များမွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်တစ်ခုဖြစ်သည့်အပြင် နိုင်ငံတကာ အဆင့်မီ ကျွမ်းကျင်မှုပြည့်ဝသည့် သိပ္ပံနှင့်နည်းပညာ နယ်ပယ်စုံ အသိပညာရှင်/ အတတ် ပညာရှင်နှင့် အင်ဂျင်နီယာများကို ပြုစုပျိုးထောင်ပေးနေသည့် တက္ကသိုလ် ဖြစ်သည်။


ဆက်လက်၍  မြန်မာကိုယ်စားလှယ်အဖွဲ့သည် Hermitage Museum အတွင်း ခင်းကျင်းပြသထားသည့် သမိုင်းဝင်အနုပညာလက်ရာ အမွေအနှစ်များနှင့် မှတ်တမ်းများကို ကဏ္ဍအလိုက် ထိန်းသိမ်းစောင့်ရှောက်ထားရှိမှုများကို လိုက်လံ ကြည့်ရှု လေ့လာ ခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)