ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင်မင်္ဂလာပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင်မင်္ဂလာပြုလုပ်


MNP ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုပ်တိုက်နယ်ပြည်သူ့ဆေးရုံသစ် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့၊ နံနက်(၉)နာရီက ယိုးတရုပ်စံပြကျေးရွာရှိ သတ်မှတ်ထားတဲ့ ယိုးတရုပ်တိုက်နယ်ဆေးရုံမြေနေရာ၌ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများတို့က ယိုးတရုပ်ရွာဦး ဘုန်းတော်ကြီးကျောင်းတိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလကို ခံယူဆောက်တည်ကြပြီး၊ ရဟန်းသံဃာတော်တို့ထံမှ အန္တရယ်ကင်းပရိတ် တရားတော်မြတ်တို့ကို နာယူခဲ့ကြသည်။ ယိုးတရုပ်တိုက်နယ်ဆေးရုံကို ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၁၀၆၀၀ ခွင့်ပြုထားရှိပြီး၊ အဆိုပါဆေးရုံးသစ်ကို  ပထမအရစ်အဖြစ် ကျပ်သိန်း ၃၀၀၀ ဖြင့် စတင်၍ အရစ်ကျစနစ်ဖြင့် တည်ဆောက်လျက်ရှိသည်။


အဆိုပါ တိုက်နယ်ဆေးရုံသစ်မှာ အလျား ၁၄၅ ပေ၊ အနံ ၁၀၃ ပေ တစ်ထပ် ပင်မ ဆေးရုံတစ်ဆောင်တစ်လုံး၊ လျား ၃၃ ပေ၊ အနံ ၂၄ ပေ ဆရာဝန်နေအိမ်တစ်လုံး၊ အလျား ၈၄ ပေ၊ အနံ ၂၄ ပေ လေးခန်းတွဲ တစ်ထပ် ဝန်ထမ်းနေအိမ်တစ်ဆောင်နှင့်အလျား ၆၃ ပေ၊ အနံ ၂၄ ပေ သုံးခန်းတွဲ ထစ်ထပ်ဆောင် ဝန်ထမ်းနေအိမ်တစ်လုံးအပါအဝင် ရင်ခွဲရုံ၊ ဆေးရုံခြံစည်းရိုး၊ ကွန်ကရစ်လမ်းတို့ ပါဝင်ပြီး၊ ယိုးတရုပ်အခြေစိုက် ယိုးချောင်းကိန်း ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)