MNP ၊ နိုဝင်ဘာ ၂၀
“အားလုံးအကျုံးဝင်ဖွံ့ဖြိုးဖို့ ကလေးတိုင်းအတွက်ဆောင်ရွက်စို့”ဟူသောဆောင်ပုဒ်နှင့်အညီ(၃၃)နှစ်မြောက်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် (ကမ္ဘာ့ကလေးများနေ့)အခမ်းအနား ကို ယနေ့နံနက် ၉ နာရီခွဲ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ၊ မြို့ တော်ခန်းမ ၌ ကျင်းပသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာအထိမ်းအမှတ်နေ့အဖြစ် နှစ်စဉ်နှစ်တိုင်းကျင်းပလာခဲ့ရာ(၃၃)နှစ် မြောက်ရှိပြီးဖြစ်ကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂ သဘော တူစာချုပ်မှာပါရှိသော ကလေးသူငယ်အခွင့်အရေး(၄)ရပ်ဖြစ်သည့် ကလေးသူငယ်များ အသက်ရှင်သန်ခွင့်၊ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ခွင့်၊ကလေးသူငယ်များကိုအကြမ်းဖက်မှု၊လျစ်လျူရှုမှုနှင့် ခေါင်းပုံဖြတ်မှုအမျိုးမျိုးမှ ကာကွယ် စောင့်ရှောက် ခံပိုင်ခွင့်နှင့် ကလေးသူငယ်များ၏အရေးကိစ္စတွေမှာ ကလေးသူငယ်များကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်ခွင့်တို့ဖြစ် ကြောင်း၊ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာ ကော်မတီကိုလည်းကောင်း၊ ခရိုင်/မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီများကိုလည်းကောင်း ဖွဲ့စည်း ပေးခဲ့ပြီးဖြစ် ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးမှ ဦးဆောင်၍ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဆက်စပ်ဌာနများ၊ ကလေးသူငယ် အရေးကိစ္စဆောင်ရွက်နေ သောလူမှုအဖွဲ့အစည်းများမှကိုယ်စားလှယ်များပါဝင်သည့် တိုင်းဒေသကြီးကလေးသူငယ်အခွင့် အရေးများဆိုင်ရာ ကော်မတီကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး က သြဂုတ်လ ၂၇ ရက်နေ့က ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေးမဆုံးရှုံးစေရန် ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးမိဘများ၊ ကလေးများနှင့် ပြည်သူလူထုတစ်ရပ်လုံး သိရှိရန်နှင့်ကလေးတိုင်း လက်လှမ်းမီတန်းတူညီတူ ရရှိနိုင်ရန်အတွက် တာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအသီးသီးကနေ၍စဉ်ဆက်မပြတ် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ် ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများအား မူလတန်းကြိုကျောင်းမှသားငယ်သမီးငယ်များ က “သျှောင်ပေစူး”သီချင်း၊ “ကောက်စိုက်ချိန်” သီချင်း၊ “ခင်ထား” သီချင်းဖြင့် လည်းကောင်း၊ “အစားကြီးသော ခူကောင်လေး” ပုံပြင် ၊ “မရှုပ်ပွ” ပုံပြင်ဖြင့်လည်းကောင်း “ဖားကလေးနှင့် လူကလေး" ကဗျာ ၊ “ဖိုးလမင်း” ကဗျာ၊ “လယ်တောရှင်”ကဗျာဖြင့် လည်းကောင်း သီဆိုဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က သားငယ်သမီးငယ်လေးများအား အမှတ်တရလက်ဆောင်များပေးအပ်ချီးမြှင့်ခဲ့ကြောင်းသတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment