MNP ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ဘူးသီးတောင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၌ အခြေခံပညာမှုလတန်းနှင့်အလယ်တန်းအဆင့် ကျောင်းသား/ ကျောင်းသူများအားအင်္ဂလိပ်စာဘာသာ စကား၊ ဝေါဟာရကြွယ်ဝစေရေး၊ ကိုယ် ပိုင်အတွေးအခေါ်ဖြင့် ရေးသားမှုစွမ်းရည်၊ အင်္ဂလိပ်စာဘာသာစကားပြောကျွမ်းကျင်မှု စွမ်းရည်များ မြှင့်တင်ပေးနိုင်ရန်ရည်ရွယ်၍ အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲကိုယနေ့ နံနက်(၉)နာရီကအမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲကိုအမှတ်( ၁) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ အခြေ ခံပညာကျောင်းများမှအင်္ဂလိပ်စာစွမ်းရည်ဘာသာရပ်ဖြေဆိုသူGrade-5 ( ၁၃) ဦး၊ Grade-7 ( ၁၃)ဦး၊Grade-8 ( ၁၂)ဦး၊Grade-9 ( ၁၅)ဦးဖြစ်ပြီးသင်္ချာစွမ်းရည်ဘာသာရပ်ဖြေဆိုသူGrade-5 ( ၁၄)ဦး၊Grade-7 ( ၁၃)ဦး၊Grade-8 ( ၁၁)ဦး၊Grade-9(၁၃)ဦးစုစုပေါင်း ကျောင်း သား/ ကျောင်းသူ (၁၀၄)ဦးမှဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်းသိရှိရသည်။
လှကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment