တောင်ကုတ်မြို့နယ်၌ ခိုးဝင် ဘင်္ဂါလီ အမျိုးသား (၇)ဦးအား ဖမ်းဆီးရမိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့နယ်၌ ခိုးဝင် ဘင်္ဂါလီ အမျိုးသား (၇)ဦးအား ဖမ်းဆီးရမိ



MNP ၊ နိုဝင်ဘာ ၂၀

ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ် ၊ သင်ချီကိုင်းကျေးရွာအုပ်စု ၊ တာရဲကျေးရွာ အနီးတွင် ယနေ့နံနက်(၁၁)နာရီအချိန်က အထောက်အထားမဲ့ တရားမဝင် ခရီးသွားလာသူ ဘင်္ဂါလီ(၇)ဦးအား ဖမ်းဆီးရမိကြောင်းသိရသည်။

ဖြစ်စဉ်မှာ တောင်ကုတ်မြို့နယ် ၊ သင်္ချီကိုင်းကျေးရွာအုပ်စု ၊ တာရဲကျေးရွာအနီး တွင် ဘင်္ဂါလီ(၇)ဦး တွေ့ ရှိကြောင်း သတင်းပေးချက်အရ တောင်ကုတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ် စဟိန်းမင်းထွန်း ဦးစီးအဖွဲ့နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊ တောင်ကုတ်မြို့နယ်ရုံးမှ လဝကမှူး ဦးမြင့်ဦး တို့မှ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာ ဖမ်းဆီးရမိသူများမှာ စစ်တွေမြို့နယ်ရှိ(IDP)စခန်းများမှ(၄)ဦးနှင့် သက္ကယ်ပြင်ရွာမှ(၃)ဦး ဖြစ်ပြီး စစ်ဆေးချက် အရ မာမွတ်တူဆောင်း(ဘ)နော်ဘီဟူဆောင်း၊အသက်(၁၃)နှစ်၊ အုန်းတောကြီးစခန်း၊ အဒူဟော်လစ်(ဘ) အဒူမူနာ (၁၅)နှစ်၊ ဒါးပိုင်စခန်း ၊ မာမွတ်ဂျာဘဲရ်(ဘ)မာမွတ်ရော်ဖိ ၊အသက်(၁၄)နှစ်၊ မော်သီးညာစခန်း ၊ဆာဒစ်ဟူဆောင်း(ဘ)အာဘူလူဆောင်း ၊ အသက်(၁၆)နှစ်၊ သက္ကယ်ပြင်ရွာ ၊မာမွတ်အီလီယစ်(ဘ) အဒူရော်ဇော် ၊ မော်သီးညာစခန်း ၊ နိုရူလာမိန် (ဘ) ရော်ဖူး အာမိန် ၊အသက်(၁၆)နှစ်၊သက္ကယ်ပြင်ရွာ နှင့် မာမွတ်အိစ္စမိုင်(ဘ)ဆွေယော့ဒ်တာမောက် ၊ အသက် (၁၅)နှစ် ၊ သက္ကယ်ပြင်ရွာတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဖမ်းဆီးရမိသူ ဘင်္ဂလီအမျိုးသား(၇)ဦးအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ တောင်ကုတ်မြို့နယ်ဦးစီးမှူးရုံးမှ အသေးစိတ်စစ်ဆေးမှုများပြုလုပ်၍ ဥပဒေနှင့်အညီဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)