လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူးနေအိမ်အား PDF အကြမ်းဖက်များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဧည့်စာရင်းလာတိုင်သည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူးနေအိမ်အား PDF အကြမ်းဖက်များ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဧည့်စာရင်းလာတိုင်သည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ



MNP ၊ နိုဝင်ဘာ ၂၀

ယနေ့ နိုဝင်ဘာ ၂၀ရက် ညပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ၇ရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး၏ နေအိမ်အား PDF အကြမ်းဖက်များ ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဧည့်စာရင်းလာတိုင်သည့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်နေ ပြည်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ရက် ည၆နာရီခန့်က လှိုင်သာယာအရှေ့ပိုင်းမြို့နယ်၊ (၇) ရပ်ကွက်၊ တေးဥယျာဉ် (၁၀) လမ်းနေ ရာအိမ်မှူး ဦးဝင်းကျော်သူသည် နေအိမ်၌ ဧည့်စာရင်းတိုင်ကြားမှုကို စာရင်းသွင်းနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် PDF အကြမ်းဖက်သမား လေးဦး ရောက်လာပြီးသေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ဧည့်စာရင်းလာတိုင်သူ ဒေါ်သီတာဝင်း (၅၂ နှစ်) ၏ ပုခုံးအား ကျည်ထိမှန် (မစိုးရိမ်ရ) ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)