လဟယ်မြို့တွင် လူငယ်နှင့်စာပေစကားဝိုင်းဆွေးပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လဟယ်မြို့တွင် လူငယ်နှင့်စာပေစကားဝိုင်းဆွေးပွဲ ကျင်းပ




MNP - နိုဝင်ဘာ  ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်းကျင်းပသော လူငယ်နှင့်စာပေစကားဝိုင်းကို ယနေ့နံနက် ၉ နာရီ

အချိန်က နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရှားဆက်မှ လူငယ်နှင့်စာပေစကားဝိုင်း ကျင်းပရခြင်းကိုရှင်းလင်းပြီး ကျောင်းသားလူငယ်များဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ဗလ(၅)တံ ဖွံ့ဖြိုးဖို့စာအုပ်စာပေများ လေ့လာဖတ်ရှု့တဲ့အလေ့ အထရှိ စေရေးနှင့် စာဖတ်ရှိန်မြင့်တင်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။


ထို့နောက် စာပေစကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများဖြစ်ကြသော Grade-10မှ ကျောင်းသားမောင်တန်မန်းမှ လူငယ်နှင့်အကျင့် စာရိတ္တ ကောင်းမွန်ရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10မှကျောင်းသူမကျုံလိုမှ စည်းကမ်းဟူသည် လူ၏တန်ဖိုးခေါင်းစဉ်ဖြင့်လည်း ကောင်း၊ Grade-9ကျောင်းသာ မောင်ထောင်ကွေက ကျန်းမာကြံ့ခိုင် လူငယ်လူရွယ်အစရှိသော ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား/သူများက အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့‌ကြပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာအုပ်စာ‌စောင်များကို ကြည့်ရှုခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ ကျောင်းသား/သူ(၁၁၅)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)