အမရပူရမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့၌ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးကွင်းဆင်းစစ်ဆေး




MNP - နိုဝင်ဘာ  ၂၅


မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့၊ လမ်းငါးခွအနီးရှိ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းသားဖွားဆောင် ပြန်လည်ပြုပြင်နိုင်ရေးအတွက် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရေးအသင်း(ဗဟို)က ယမန်နေ့နံနက် (၉)နာရီ (၃၀)မိနစ်အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


အဆိုပါ သားဖွားဆောင်ပြန်လည်ပြုပြင်နိုင်ရေးနှင့် လက်ရှိအခြေအနေများကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)မှ ဥက္ကဋ္ဌပါမောက္ခဒေါက်တာစန်းစန်းမြင့်အောင်၊ ဒုဥက္ကဋ္ဌပါမောက္ခဒေါက်တာမာလာဝင်းနှင့် အတွင်းရေးမှူးဒေါက်တာနွယ်နီအုန်း၊ မန္တလေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူးဒေါက်တာအောင်သိန်းအေးတို့က သားဖွားဆောင်အခြေအနေများ၊ သားဖွားခန်းအသုံးပြုပစ္စည်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ သားဖွားဆောင်အခြေအနေနှင့်ပတ်သက်ပြီး အမရပူရခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးသန္တာကျော်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ရွှေရည်အောင်တို့က ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။


သတင်း - စိုးသီဟ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)